နေပြည်တော် ဩဂုတ် ၅
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းသည် ယနေ့နံနက် ၇ နာရီ ခွဲတွင် ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် Virtual Meeting ဖြင့် လက်ခံကျင်းပ သည့် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးသို့ နေပြည်တော်မှ ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင် အာဆီယံ+၃ နိုင်ငံများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ချင်းမိုင် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဦးဆောင်မှုအစီအစဉ် (Chiang Mai Initiative Multilateralisation - CMIM) တွင် နိုင်ငံစုံပါဝင်လာရေး လုပ်ငန်း အစီအစဉ်အရ Technical Guidance (TG) for Conditionality Framework (ILP) ဆိုင်ရာ ကိစ္စရပ် များ၊ Revision of the CMIM Agree-ment ဆိုင်ရာကိစ္စရပ်များ၊ အာဆီယံ+ ၃ မက်ခရို စီးပွားရေးသုတေသနရုံး (ASEAN+3 Macroeconomic Research Office - AMRO) ၏ ၂၀၂၁ ခုနှစ် ဘဏ္ဍာငွေ အရအသုံးစာရင်းနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ၊ AMRO ၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ကိစ္စရပ် များ၊ အာရှငွေချေး စာချုပ်ဖွံ့ဖြိုးမှု အစီအစဉ် (Asian Bond Markets Initiative – ABMI) ၏ လုပ်ငန်း ဆောင်ရွက်မှု တိုးတက်မှုအခြေအနေ များ၊ ကိုဗစ်-၁၉ ကပ်ရောဂါအတွက် တုံ့ပြန်ဆောင်ရွက်မည့် အာဆီယံ+၃ နိုင်ငံများ၏ မူဝါဒရေးရာချမှတ်မှု၊ အကောင်အထည်ဖော်မှု၊ ဘဏ္ဍာငွေ သုံးစွဲမှု လုပ်ငန်းစဉ်များအား အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
အာဆီယံ+၃ ဘဏ္ဍာရေး အစည်း အဝေးများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် အပေါင်းသုံး နိုင်ငံများဖြစ် သော တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံ များတွင် အိမ်ရှင်အဖြစ် အလှည့်ကျ ကျင်းပလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် အတွက် အိမ်ရှင်အဖြစ် အာဆီယံ နိုင်ငံများဘက်မှ ဗီယက်နမ်နိုင်ငံနှင့် အပေါင်းသုံးနိုင်ငံများဘက်မှ ဂျပန်နိုင်ငံ တို့က Co-Chairs များအဖြစ် လက်ခံ ကျင်းပ လျက်ရှိရာ လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု အခြေအနေများကြောင့် အဆိုပါ အစည်းအဝေးများအား Virtual Meeting ပုံစံဖြင့် ကျင်းပဆောင်ရွက် လျက်ရှိသည်။
ယခုကျင်းပသည့် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယ အကြီးအကဲများ အစည်းအဝေးမှ ဆွေးနွေး ဆုံးဖြတ်ချက် များကို စက်တင်ဘာလတွင် ကျင်းပမည့် အာဆီယံ+ ၃ ဘဏ္ဍာရေးဝန်ကြီးများ နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်း အဝေးသို့ ဆက်လက်တင်ပြ ဆောင်ရွက်မည်ဖြစ်သည်။
အစည်းအဝေးသို့ အာဆီယံ+၃ နိုင်ငံများမှ ဘဏ္ဍာရေးဒုတိယဝန်ကြီး များနှင့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ AMRO နှင့် အာဆီယံအတွင်းရေးမှူးချုပ် ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်