Skip to main content

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မြန်အောင်  ဩဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အစိုးရအဖွဲ့ဝန်ကြီးများ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြန်အောင်မြို့ လွန်ဆေးမြိုင် ပန်းခြံအနီးကမ်းပြိုမှုကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုအား ယမန်နေ့ ညနေတွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် မြန်အောင်မြို့ လွန်ဆေးမြိုင် ပန်းခြံအနီးတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် အလျား ပေ ၃၀၀၊ အနံ ၃၀ ပေခန့် ကမ်းပြိုမှုဖြစ်ပွားလျက်ရှိ‌သော အခြေအနေများနှင့် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်‌နေမှုများကို သွားရောက်စစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများမှ ကမ်းပြို၊ ကမ်းစားမှု ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အ‌ခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် ကမ်းထိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြ ခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုကမ်းစားမှုကာကွယ်ရေးလုပ်ငန်းများကို တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေး ဦးစီးဌာနဝန်ထမ်းများ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ဒေသခံပြည်သူများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ရေပေါ်ရေ လွဲတန်းချခြင်း၊ အရေးပေါ် ကာကွယ်ရေးလုပ်ငန်း (Floating Unit) ဆောင်ရွက်ခြင်း၊ ကမ်းပြိုမှုဖြစ်ပေါ်နေသော နေရာတွင် ရေကာတန်းရိုက်ခြင်းစသည့် ကမ်းပြိုကမ်းစားမှုကာကွယ်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)