Skip to main content

မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း ကျောင်းသား/သူများပညာသင်ကြားနေမှုနှင့် School Cum Shelter တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

မော်လမြိုင်   ဩဂုတ် ၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အခြေခံပညာကျောင်း(အ.ထ.က-၁၀)တွင် စာသင်ကြားနေမှုကို ယမန်နေ့ နေ့လယ်ပိုင်း၌ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ လက်ဆေးဘေစင်ထားရှိမှုများ၊ Social Distancing အရ တစ်ဦးနှင့်တစ်ဦး(၆)ပေကွာနေခြင်း၊ ပေ(၃၀) ရှိသော စာသင်ခန်းတွင် ကျောင်းသား/သူအယောက်(၂၀) သင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေး၍ Mask နှင့် Hand sanitizer များ လှူဒါန်းခြင်းနှင့် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းသည် မော်လမြိုင်မြို့နှင့်ကျိုက်မရောမြို့နယ်တို့တွင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်နေသော School   Cum Shelter တစ်လုံးစီနှင့် ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ရာဂိုဒေါင်တစ်လုံးတည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။          

စမ်းစမ်းနွယ် (ပြန်/ဆက်)