Skip to main content

နိုင်ငံတကာကုန်စည်ပြပွဲ(စစ်ကိုင်း) ၂၀၂၀ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

စစ်ကိုင်း ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ကူညီမှုဖြင့် စစ်ကိုင်းခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် နိုင်ငံတကာကုန်စည်ပြပွဲ(စစ်ကိုင်း) ၂၀၂၀ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက စစ်ကိုင်းမြို့ မြို့တော်ခန်းမရှေ့ဖွင့်ပွဲမုခ်ဦး၌ ကျင်းပခဲ့သည်။                         

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ Indian ကောင်စစ်ဝန်ချုပ် H.E.Mr. Nandan Singh Bhaisora- Consul General of Indian၊ Design &  Development Dept. Oshimanoki Mayanmar Co, .ltd. General Manager Mr.Matsuoka၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယဉက္ကဋ္ဌ ဦးသိန်းဟန် နှင့် စစ်ကိုင်းခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း နာယက ဦးတင်မျိုးလွင် တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြသထားသည့် ဈေးဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။                                         

ထို့နောက် ဒုတိယပိုင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ စစ်ကိုင်းခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (SDCCI) က အကဖြင့်ဖျော်ဖြေဧည့်ခံခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ ဒုတိယ ဥက္ကဋ္ဌ တို့က အမှာစကားများ ပြောကြားခဲ့ကြရာ စစ်ကိုင်းခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပြီး Diamond Sponsor အဖြစ် ပါဝင်ပေးပါသော AYA ဘဏ်လီမိတက်၊ Great Wall ကုမ္ပဏီ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ TOYOTA ကုမ္ပဏီတို့မှ တာဝန်ရှိသူများကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ (ပုဂ္ဂလိက အခန်းကဏ္ဍ ခိုင်မာရှင်သန်စေရန်နှင့် အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးပွဲများကို U Thaung Su Nyein –Founder & CEO, Informat ကအစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်၍ U Soe Oo –Minister, Planning and Finance in Sagaing Division ၊ U Myint Thura – Deputy Director ၊ U Myint Zaw –Managing Drector, AYA Bank ၊ Daw Htet Yee Win – Founder & MD, Brand You Co.,Ltd ၊ Daw Chaw Khin Khin –Managing Director, Myanmar Computer Co.,Ltd တို့မှ ဦးဆောင်ပါဝင်ဆွေးနွေးကြမည် ဖြစ်ပြီး အဆိုပါပြပွဲကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဆိုင်ခန်းပေါင်း(၁၀၀) ကျော်က နိုင်ငံတကာပစ္စည်းများအပါအဝင် ဒေသထွက်ကုန်များပါပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။   

မျိုးဝင်း (ခရိုင်ပြန်/ဆက်)