ပုသိမ် သြဂုတ် ၆
ပုသိမ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ကြီးမှ ဝါတွင်းဝါပ မဟာသံဃိကဒါန အရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူပူဇော်ပွဲ အမှတ်စဉ်(၂) ကို ယနေ့နံနက် ၄ နာရီက ပုသိမ်မြို့ ဝိသာခါဓမ္မာရုံတွင် ပြုလုပ်သည်။
ဆွမ်းဆက်ကပ်လှူဒါန်းမှုကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် လောင်းလှူပူဇော်ခဲ့ကြောင်းသိရသည်။
မြင့်ဟန်(ခရိုင်ပြန်/ဆက်)