Skip to main content

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင် ပိုင်ကျုံမြို့၊ ထန်းတပင်ကျေးရွာနှင့် ကြက်တူ‌ရွေးကျေးရွာရှိ မဲစာရင်းကြေညာထားမှုကို ကြည့်ရှုစစ်ဆေး

ပိုင်ကျုံ  ဩဂုတ်  ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၀ ပြည့်နှစ်     နို၀င်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းများ ကပ်ထားကြေညာလျက်ရှိရာ ကရင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် တာ၀န်ရှိသူများက ထန်းတပင်ကျေးရွာနှင့် ကြက်တူရွေးကျေးရွာအုပ်စုတို့မှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများရှိ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့်တွေ့ဆုံ‌ဆွေးနွေးပြီး မဲစာရင်းကပ်ထား ကြေညာ ထားမှုများနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက မဲဆန္ဒရှင်စာရင်းဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းများကို ပြုပြင်လိုပါက ဖြည့်စွက်ရမည့်ပုံစံများဖြင့် တိတိကျကျပြည့်စုံစွာ ပြုလုပ်ကြရန်နှင့် သတ်မှတ်ထားသည့်အချိန်အတွင်း အကြောင်းပြန်ကြားပေးရန် မဲဆန္ဒရှင်ပြည်သူများ အများအပြား လာရောက်ကြည့်ရှုစေရန်အသံချဲ့စက်များဖြင့် အဆက် မပြတ်လိုက်လံနှိုးဆော်ပေးခြင်းနှင့် မဲစာရင်းကပ်ထားကြေညာသည့်နေရာတွင်လည်း မဲဆန္ဒရှင် ပြည်သူများလာရောက်ကြ စေရန်အတွက် လှုံ့ဆော်ရေးတေးများကို ဖွင့်လှစ်ထားရှိပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပိုင်ကျုံမြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးကြစေရေးအတွက် ဇူလိုင်လ (၂၅) ရက်မှ သြဂုတ်လ (၇) ရက်အတွင်း ပထမအကြိမ် မဲစာရင်းများ ကပ်ထားကြေညာထားသည်များကို မဲဆန္ဒရှင်များ လာရောက်တိုက်စစ်ပြီး အမည်စာရင်းမပါ၀င်ခြင်း၊ တစ်စုံတစ်ရာမှားယွင်းခြင်း၊ ကန့်ကွက်လိုခြင်းများရှိပါက  ပုံစံ (၃)၊ ပုံစံ (၄) နှင့် ပုံစံ (၄-ဂ) များဖြင့် ဖြည့်စွက်ပြုပြင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

စောpဖိုး (ပြန်/ဆက်)