Skip to main content

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ဦးစောခင်မောင်မြင့်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး သန်းဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ ညနေ ၃ နာရီခန့်က ဂျိုင်း-ကော့ကရိတ်တံတား တည်ဆောက်ရေး စီမံကိန်းနှင့် ဂျိုင်းလျှပ်စစ်မြစ်ရေတင် လုပ်ငန်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ကရင်ပြည်နယ်၀န်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ရေဘေးရှောင်ပြည်သူများအား အာဟာရဖြည့်စွက်နံနက်စာ သွားရောက်ကျွေးမွေး

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြှင့်တက်လာသည့်အတွက် မြေနိမ့်ပိုင်းရပ်ကွက်အချို့ရှိ လူနေအိမ်များသည်မြစ်ရေ ဝင်ရောက်ပြီး

ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင် ဒေသဖွံဖြိုးရေး လမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေး

နယ်စပ်ဒေသဖွံ့ဖြိုးရေး ကရင်ပြည်နယ်အစိုးရအဖွဲ့ (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်း၊ သံလွင်မြစ်နှင့် ဒုံသမိမြစ်ကြားရှိကျေးရွာများတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလမ်းတံတားလုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

ဘားအံမြို့နယ်၊ သာယာကုန်းကျေးရွာနှင့် ဝဲကရင်ကျေးရွာအုပ်စုတို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးပြီး လွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စုနှင့် ဝဲကရင်ကျေးရွာအုပ်စုတို့တွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဘားအံရုံးနှင့် NRC(Norwegian Refugee Council)တို့ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့နံနက်ပိုင်းက ပေးအပ်ပွဲအခမ်းအနားကို နောင်ကုန်း (ဝဲကရင်) ရွာတွင် ပြုလုပ်သည်။

ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်းကျေးရွာများနှင့် ရေလယ်ကျွန်းကျေးရွာများ လျှပ်စစ်မီးလင်းရေးကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်းကျေးရွာများနှင့် ရေလယ်ကျွန်းကျေးရွာများတွင် လျှပ်စစ် မီးလင်း ရေးအတွက်
Subscribe to ကရင်ပြည်နယ်