Skip to main content

စိုက်ပျိုးရေးရာ မေးမြန်းပါ၊ စိုက်ပျိုးရေး Call Center

 

နေပြည်တော် ဩဂုတ် ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒ များနှင့် လုပ်ငန်းစဉ်များကို ခိုင်ခိုင် မာမာ ရေးဆွဲချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိသကဲ့သို့ တောင်သူပညာပေး လုပ်ငန်းများကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း (One Stop Service)အသွင်ဖြင့် ဆောင်ရွက် ပေးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန Call Center ကို ၂၀၁၇ ခုနှစ် မတ် ၁ ရက် တွင် နေပြည်တော်၌ ဖွင့်လှစ်ပေးခဲ့ သည်။

တောင်သူလယ်သမားဦးကြီးများ၊ လယ်ယာကဏ္ဍနှင့်ပတ်သက်သူများ၊ စိုက်ပျိုးရေးလုပ်ငန်းကို စိတ်ဝင်စားသူ များအနေဖြင့် နည်းပညာဆိုင်ရာ အခက်အခဲများ၊ ပိုးမွှားရောဂါပြဿနာ များ၊ မြေဆီလွှာနှင့် မြေသြဇာဆိုင်ရာ များ၊ အခြားသိရှိလိုကြသည့် မေးခွန်း များကို ဖြေကြားပေးခြင်းကို အစိုးရ ရုံးဖွင့်ရက်များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ Call Center တာဝန်ကျဝန်ထမ်းများက ဖြေကြား ပေးလျက်ရှိရာ ၂၀၁၇ ခုနှစ် မတ် ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၁ ရက် အထိ ၅၁၄၈ ကြိမ် ဖြေကြားပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း Call Center သို့ Hot Line ဖြင့် ၃၃ ကြိမ်၊ ကြိုးဖုန်းဖြင့် ၃၂ ကြိမ်၊ Facebook ဖြင့် ၃၁ ကြိမ်နှင့် Viber ဖြင့် ၂၆ ကြိမ် စုစုပေါင်း ၁၂၂ ကြိမ် ခေါ်ဆိုမေးမြန်းခဲ့ပြီး မေးခွန်းများ အနေဖြင့် သီးနှံကာကွယ်ရေးဆိုင်ရာ ၃၅ ကြိမ်၊ စိုက်သိပ္ပံနှင့် အထွေထွေ ဆိုင်ရာ ၂၇ ကြိမ်၊ စိုက်ပျိုးပညာ ပေးရေးဆိုင်ရာ ၂၇ ကြိမ်၊ ဥယျာဉ်/ ဇီဝ ၁၇ ကြိမ်၊ မြေအသုံးချရေး ဆိုင်ရာ ၁၀ ကြိမ်၊ စက်မှုသီးနှံဆိုင်ရာ သုံးကြိမ်နှင့် မျိုးစေ့ဆိုင်ရာ သုံးကြိမ် တို့ဖြစ်ကြောင်း Call Center တာဝန်ခံ ဒေါ်အေးအေးခိုင်ထံမှ သိရသည်။

စိုက်ပျိုးရေး နည်းပညာရပ်ဆိုင်ရာ များအတွက် သက်ဆိုင်ရာဘာသာရပ် အလိုက် ကျွမ်းကျင်သူ တာဝန်ကျ ဝန်ထမ်းတွေက အမြန်ဆုံးတုံ့ပြန် ဖြေကြားပေးနေကြပါတယ်။ နည်းပညာ နဲ့ မသက်ဆိုင်ပေမယ့်လည်း ဖြေကြား သင့်တဲ့ မေးခွန်းတွေအတွက် သက်ဆိုင်ရာဌာနတွေကို စုံစမ်း ဆက်သွယ်ပြီး ကြိုးစားဖြေကြားပေး နေပါတယ်။ Hot Line ဖုန်းငါးလုံးရှိလို့ တစ်ချိန်တည်းမှာ မေးမြန်းသူ ငါးဦးသာ ဆက်သွယ်နိုင်မှာဖြစ်လို့ တချို့ အခြေအနေမျိုးမှာ ခေါ်ဆိုရ ခက်ခဲနိုင် ပါတယ်၊ Hot Line ခေါ်လို့ ခက်ခဲတဲ့ အခါမျိုးမှာ Facebook နဲ့ Viber တို့က မက်ဆေ့ပို့ မေးမြန်းထားလို့လည်း ရပါတယ်၊ မေးခွန်း အကြောင်းအရာ အလိုက် ကျွန်မတို့ Call Center က အမြန်ဆုံး ပြန်လည်ဖြေကြားပေးနေ ပါတယ်ဟု ဒေါ်အေးအေးခိုင်က ပြောသည်။

နေပြည်တော် ရုံးအမှတ်(၄၃)တွင် အခြေစိုက်ဖွင့်လှစ်ထားသည့် စိုက်ပျိုး ရေးဦးစီးဌာန Call Center ကို ဆက်သွယ်လိုပါက Hot Line ၀၁-၂၃၉၉၅၅၅၊ Viber ၀၉၇၆၄၀၀၀၈၄၁၊ ကြိုးဖုန်း ၀၆၇-၃၄၁၀၁၃၉၊ Facebook account- စိုက်ပျိုးရေးဦးစီးဌာန Call Center ၊ facebook စာမျက်နှာ www.facebook.com/doamoali တို့သို့ ဆက်သွယ်နိုင်ကြောင်းနှင့် Website www.doa.gov.mm တွင်လည်း ဝင်ရောက်လေ့လာနိုင်ကြောင်း သိရ သည်။

 

သတင်းစဉ်