နေပြည်တော် ဩဂုတ် ၇
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ၂၀၁၅ ခုနှစ်အတွက် စာပေ ဗိမာန် စာမူဆု၊ လူငယ် စာပေဒုတိယဆုရရှိသည့် စာရေးဆရာ ကိုရွှေသံ (မြန်မာစာ)၏ “မြစ်ဧရာ နဒီကြောဝယ်” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်သည် လူငယ်သဘာဝ သူငယ်ချင်းအပေါင်းအဖော် များနှင့်ကစားကြ၊ ရန်စောင်ကြ၊ ကြည်နူး ပျော်ရွှင်ကြပုံ၊ စိတ်ခံစားမှု အလျောက် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည်လည်း ရှိ၊ အမြင် စောင်းခံ ရသည် လည်းရှိပုံတို့ကို မြစ်ကမ်းနံဘေးက မြို့ကလေးကို နောက်ခံထား ရေးဖွဲ့ထားသည့် ဝတ္ထုဖြစ်သည်။
မြစ်ကမ်းနံဘေးနေသူများပီပီ ဝမ်းစာအရေး ဖား၊ ငါး ရှာဖွေကြ၊ ကောက်သင်းကောက်ကြရင်း ဘဝဝမ်း ကျောင်းနေကြဆဲ ပြောင်းလဲ ဖဲ့စားလာသည့် မြစ်ကြောင်းကြောင့် နေစရာတဲဘုံဗိမာန်လေးများ ပျောက်ကွယ် သွားရသည့် အတွက် ကူကယ်ရာမဲ့ ဒုက္ခမျိုးစုံကြုံရပုံ၊ အရေးကြီးသည့်အခါမှာတော့ သွေးစည်းရင်ဆိုင် တတ်ကြ ပုံတို့ကို ရေးဖွဲ့ ထားသည့် လူငယ်သရုပ်ဖော်ဇာတ်လမ်းကောင်း ဖြစ်ပေသည်။
အဆိုပါ စာအုပ်ကို ငွေကျပ် ၁၃၀၀ ဖြင့် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း- ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ ၊ အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း- ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း- ၀၂-၄၀၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ် ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန ဖုန်း- ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄ တို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်