နေပြည်တော် ဩဂုတ် ၇
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက ၂၀၁၈ ခုနှစ် ပခုက္ကူစာပေဆု၊ ဝတ္ထုရှည် ပထမဆုရ စာရေးဆရာ “ပင်မြင့်စံ(ရွှေဘို)” ရေးသားသည့် “နားခိုရာမဲ့သူ၏ လောကနိဗ္ဗာန်ဘုံ” စာအုပ်ကို စာအုပ်အသင်း၏ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များသို့ ဖြန့်ချိ လျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ် အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ခရိုင်ရုံးများမှတစ်ဆင့် လည်းကောင်း၊ စာတိုက်မှတစ်ဆင့်လည်းကောင်း ပေးပို့လျက် ရှိသည်။
စာပေဗိမာန်အသင်းဝင်လိုပါက အတွင်းရေးမှူး စာပေဗိမာန်စာအုပ်အသင်း အမှတ်(၅၂၉/၅၃၁) ကုန်သည် လမ်း ရန်ကုန်မြို့ ဖုန်း- ၀၁-၂၄၉၀၃၁၊ ၃၈၁၄၄၈ သို့ လိပ်မူ၍ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်