နေပြည်တော် ဩဂုတ် ၇
ယူအေအီးနိုင်ငံ၊ ဘာရိန်းနိုင်ငံ၊ ပင်လယ်ကွေ့နိုင်ငံများနှင့် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံနေရသော မြန်မာ နိုင်ငံသားများအား မြန်မာသံရုံး ရီယာဒ်မြို့၏ စတုတ္ထမြောက် ကယ်ဆယ်ရေးလေယာဉ်ဖြစ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းဖြင့် ခေါ်ဆောင်ခဲ့ရာ ပါကစ္စတန်နိုင်ငံ မြန်မာစစ်သံရုံးမှ တပ်မတော် သား ၁၃ ဦး၊ ဘာရိန်းနိုင်ငံမှ နှစ်ဦး၊ ယူအေအီးနိုင်ငံမှ ၁၀၉ ဦး၊ ကူဝိတ်နိုင်ငံမှ ရှစ်ဦး၊ အီဂျစ်မှ ၁၀ ဦး၊ တူရကီမှ ငါးဦး၊ ဆိုက်ပရပ်စ်မှ နှစ်ဦး၊ ပနားမားမှ တစ်ဦး၊ မော်လဒိုက်မှ ကိုးဦး၊ ဘရာဇီးမှ လေးဦး၊ တောင်အာဖရိကမှ လေးဦး၊ အီတလီမှ နှစ်ဦး၊ အီရန်မှ နှစ်ဦး၊ ဆွစ်ဇာလန်မှ တစ်ဦး၊ ယူဂို ဆလားဗီးယားမှ တစ်ဦး၊ ဂျာမနီမှ တစ်ဦး မြန်မာနိုင်ငံသား စုစုပေါင်း ၁၇၄ ဦးတို့ လိုက်ပါလာခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံသားများအနေဖြင့် ယနေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စစ်ဆေး ရေးနှင့် ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးကြသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော် မတီ၏လမ်းညွှန် ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင် ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့အထိ မြန်မာ နိုင်ငံသား စုစုပေါင်း ၁၀၀၁၄ ဦးအား ကယ်ဆယ်ရေး လေယာဉ်/ အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင် ပေးနိုင် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်