Skip to main content

တောင်သူလယ်သမားအလေးထား လယ်ယာစီးပွားကဏ္ဍမြှင့်တင်

ယနေ့သည် နိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအား ဂုဏ်ပြုသည့်နေ့ ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည့် တောင်သူလယ်သမားအများစုဖြစ်သည်။ တောင်သူလယ်သမား များသည် ပြည်သူအားလုံး နေ့စဉ်လိုအပ်သည့်အာဟာရကို ဖြည့်တင်းပေးသဖြင့် ကျေးဇူးတင်ထိုက်၊ ဂုဏ်ပြုထိုက်သူ များဖြစ်သည်။

ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုနိုင်ရန် တောင်သူလယ်သမားများဘဝကို မြှင့်တင်ပေးရန်လို အပ်သည်။ လယ်ယာကဏ္ဍကို မြှင့်တင်အားပေးဖြည့်ဆည်းပေးခြင်းဖြင့် တောင်သူလယ် သမားများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည် ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေရန် ပို့ကုန်မြှင့်တင်ရေးကို ဦးစားပေး ဆောင်ရွက် လျက်ရှိသည်။ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် နိုင်ငံ၏ရေမြေရာသီဥတုနှင့် ကိုက်ညီပြီး ပြည်ပဈေးကွက်ကို ပိုမိုတင်ပို့နိုင်မည့် အလားအလာရှိသည့် ပို့ကုန်များတွင် ဆန်စပါးသည်အဓိကကျပြီး အချိန်တိုအတွင်း ရလဒ်ကောင်းများ ရနိုင်သည်။

ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှု၊ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စားရေ ရိက္ခာနှင့်ပတ်သက်၍ စိန်ခေါ်မှုများရှိရာ နိုင်ငံတိုင်းက စားရေရိက္ခာဖူလုံရေးအတွက် မူဝါဒမျိုးစုံချမှတ်ကျင့်သုံး နေကြသည်။ ထိုအခြေအနေတွင် ကောက်ပဲသီးနှံ၊ ဆန်စပါး တို့ကို အဓိကထုတ်လုပ်သည့် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းဖြစ်သည်။ ယင်းကိုအသုံးချ၍ ဆန်စပါးကဏ္ဍကို ယခုထက် ပိုမိုမြှင့်တင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားမြင့်မားလာခြင်းနှင့်အတူ တောင်သူ လယ်သမားများဘဝလည်း တိုးတက် လာမည်ဖြစ်သည်။ ဆန်စပါးသည် အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ဦးစားပေး ကဏ္ဍဖြစ်သည်။ မဟာဗျူဟာမျှော်မှန်းချက်သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ဝင်ငွေတိုးပွားလာစေရေးအတွက် အရည်အသွေးမြင့်မားပြီး သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီ ထွေဖြစ်မည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် ဆန်စပါး ထုတ်လုပ် ရေးနှင့်တင်ပို့ရေးဖြစ်သည်။

အဆိုပါမဟာဗျူဟာကို အကောင်အထည်ဖော်ကြမည့်သူများမှာ တောင်သူ လယ်သမားများ ပင်ဖြစ်သည်။ တောင်သူလယ်သမားများ လုပ်ငန်းအဆင်ပြေစေရေး အတွက် အကျိုးတူလယ် ယာစနစ်ကို ဖော်ဆောင်ပေးထားသည်။ နွေစပါးရာသီ အတွက် ဧက ၈ ဒသမ ၅ သိန်းတွင် အကျိုးတူလယ်ယာစနစ် ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်က တစ်ဧကကို ငွေကျပ်နှစ်သိန်း နှုန်းဖြင့် အထူးချေးငွေအစီအစဉ် ပြုလုပ်ထားသည်။ ဆန်စပါးသီးနှံအတွက် ငွေကျပ်ဘီလီယံ ၁၄၀ အထိ ထောက်ပံ့ ပေးအပ်ရန် စီစဉ်ထားသည်။ ထောက်ပံ့မှုများသည် မျိုး၊ မြေဩဇာ စသည့်သွင်း အားစု များအတွက်ဖြစ် သည်။ တောင်သူလယ်သမားများအနေဖြင့် သွင်းအားစု ကုန်ကျ စရိတ်များနှင့်လျော်ညီသည့် စပါးဈေးနှုန်းများ ရရှိရန်ရှေးရှုသည်။ စားသုံးသူပြည်သူ များအတွက်လည်း သင့်တင့် သည့်ဈေးနှုန်းများနှင့် ဝယ်ယူစားသုံးနိုင်ရေး၊ နိုင်ငံခြား ပို့ကုန်ကို လည်း စဉ်ဆက်မပြတ်တင်ပို့နိုင်ရေး သုံးဖက်ညီလုပ်ငန်းစဉ်ကို တက်ညီ လက်ညီ ဝိုင်းဝန်း အကောင် အထည်ဖော်ရမည်ဖြစ်သည်။

အနာဂတ်တွင် ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရိတ်သိမ်း ချိန်မတိုင်မီ စိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍတွင် တောင်သူလယ်သမားများအတွက် ရာသီဥတုနှင့် သဘာဝဘေး အန္တရာယ် များမှ ကာကွယ်ပေးသည့် သီးနှံအာမခံစနစ်များ အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်ရေး၊ ဒေသရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး ဈေးကွက်ဝင် အထွက်ကောင်း မျိုးကောင်းမျိုးသန့်များကို မျိုးအရေအတွက်နည်းနည်း ပမာဏများများဖြင့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများနှင့် ပြည်ပတင်ပို့သူ ကုမ္ပဏီများ အကြား အကျိုးတူ လယ်ယာစနစ်ဖြင့် တစ်ဧကအထွက်နှုန်းတိုးတက်ပြီး ဝင်ငွေတိုး တက်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ စပါးအခြောက်ခံစက်များ တိုးမြှင့်သုံးစွဲနိုင်ရေး၊ ဆန်စပါးကဏ္ဍတွင် ဒစ်ဂျစ်တယ်နည်း ပညာကို ထိရောက်တွင်ကျယ်စွာအသုံးပြုနိုင်ရေး၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်း ပေးနိုင်ရေး စသည်တို့ကိုဆောင်ရွက်သွားမည်ဖြစ်သည်။

သို့ဖြစ်ရာ တောင်သူလယ်သမားများသည် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ နေ့စဉ်လိုအပ် သည့်စားရေရိက္ခာများ ဖြည့်ဆည်းပေးရေးတို့ကို နိစ္စဓူဝလုံ့လစိုက်ထုတ်ကြိုးပမ်း အားထုတ်နေကြသူများဖြစ်၍ ဂုဏ်ပြုထိုက်သူ၊ ကျေးဇူးတင်ထိုက်သူများဖြစ်ရာ လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် တောင်သူ လယ်သမားများ လူမှုစီးပွားဘဝမြင့်မား တိုးတက် လာရေးအတွက် နိုင်ငံတောအစိုးရ က စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။      ။

ကြေးမုံအယ်ဒီတာ့အာဘော်