နေပြည်တော် မတ် ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၃ ခုနှစ်၊ (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်သည်။
မီးရှူးမီးပန်းများ ဂုဏ်ပြုပစ်ဖောက်
ဂုဏ်ပြုညစာစားပွဲ စတင်ကျင်းပချိန်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အဖြစ် တပ်မတော်နေ့စစ်ရေးပြကွင်းနှင့် ဘုရင့်နောင်ရိပ်သာတို့မှ မီးရှူးမီးပန်းများ ဂုဏ်ပြု ပစ်ဖောက်ကြသည်။
ဧည့်သည်တော်များ တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီးများ၊ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်သား အငြိမ်းစားသံအမတ်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူများ၏ မိသားစုဝင်များနှင့် ဆွေမျိုးများ၊ သီဟ သူရဘွဲ့၊ သူရဘွဲ့နှင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ သူရဲကောင်းမှတ်တမ်း ဝင် တံဆိပ်ရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဆွေမျိုးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အသွင်ပြောင်းပြည်သူ့စစ်၊ မူလပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟို အကြံပေးကွပ်ကဲရေး အဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့တို့မှပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဝိုင်အမ်ဘီအေအသင်းကြီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အသင်းဗဟိုတို့မှ တာဝန်ရှိသူများ၊ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ တပ်မတော်နေ့အလှူရှင်များ၊ သတင်းမီဒီယာကောင်စီ၊ ရုပ်ရှင် သဘင် ဂီတ အစည်းအရုံးနှင့် သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရင်းရင်းနှီးနှီး နှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
(၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲတွင် ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံ ရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များနှင့် ပြင်ပအနုပညာရှင်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြသည်။
ညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်း များ ပစ်ဖောက်ကြသည်။
ဖျော်ဖြေမှုများ ကြည့်ရှုအားပေး
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ဇေယျာသီရိဗိမာန် သဘင်ဆောင်အတွင်း၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ စစ်သည်၊ စစ်သမီးများက မြဝတီတေးဂီတအဖွဲ့နှင့် တွဲဖက်၍ယိမ်းအကအလှများ၊ တေးသရုပ်ဖော်မှုများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။
ဂုဏ်ပြုပန်းခြင်းများ ပေးအပ်
ကပြဖျော်ဖြေမှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က သီဆိုဖျော်ဖြေခဲ့ကြသည့် စစ်သည်၊ စစ်သမီးများအား အမှတ်တရ ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ကြပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်