Skip to main content

ဖလမ်းမြို့နယ်၊ တလန်ရောန်ကျေးရွာ ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

ဖလမ်း  ဇန်နဝါရီ   ၁၂

ဖလမ်းမြို့နယ်၊ တလန်ရောန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။

ကျောင်းဆောင်သစ်ကို ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်စိုက်ပျိုးရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါးလ်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ အဆိုပါအဆောက်အအုံသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ်သိန်း (၈၀ဝ)ဖြင့် Chin Dairial ကုမ္ပဏီက (၁၂၀×၃၀)ပေ Steel Structre ဖြင့် တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တလန်ရောန်ကျေးရွာနှင့် အနီးနားရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို အဆိုပါကျောင်း၌ ဆက်လက်ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးနှင့် လူမှုရေးဝန်ကြီးတို့က အမှာစကားပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းသည်။

ထို့နောက် ကျေးရွာဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဂျွန်( ပြန်/ဆက်)