ပြင်ဦးလွင် ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြု လုပ်လျှက်ရှိသည့်ကလေး စာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပထမနေ့ဖြစ်သည့် ဇန်နဝါရီ(၁၃)ရက် နေ့တွင် နံနက်(၉)နာရီမှစတင်၍ ညနေ(၄)နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ ပြင်ဦးလွင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တွင် ကလေးစာပေပြပွဲ၊ ဂေါ်ရခါးလူမျိုးများ ၏ လားမားရိုးရာ ပစ္စည်းများပြခန်း၊ မူကြိုပြခန်း၊ ကိုယ်ပိုင်ကျောင်းများ ပြခန်း (၃) ခန်းနှင့် မီးသတ်ဦးစီးဌာန ပြခန်းများအပါအဝင် ပြခန်းပေါင်း (၂၅) ခန်းနှင့် စကား ပုံဆက်ကစားခြင်း၊ အရုပ်ဆက်ကစားခြင်းနှင့် အိမ်ဆောက်လုပ်နည်း ကစားခြင်းများ အပါအဝင် ဂိမ်းကစားနည်း (၁၂)မျိုးတို့ ပါဝင် ကြောင်းသိရသည်။
ပွဲတော်တွင် စာရေးဆရာ မနီတာ (ကဗျာအမျိုးသားစာပေဆုရ) ၏ စာဖတ်ခြင်းအနုပညာနှင့် စာရေးဆရာ ဇော်ခိုင်ဦး၏ စာတတ်သူတိုင်း စာဖတ်ကြပါ ခေါင်းစဉ်ဖြင့် ဟောပြောသည့် စာပေဟောပြောပွဲများနှင့် အလွတ်တန်း Myanmar Fitness Dance ပြိုင်ပွဲများထည့်သွင်း ကျင်းပလျက် ရှိကြောင်းသိရပြီး အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသားကျောင်းသူများ၊ ရပ်နီးရပ်ဝေးမှ လာရောက်လေ့လာသူများ၊ စာပေ ချစ်မြတ်နိုးသူ များဖြင့် ကြိတ်ကြိတ်တိုးစည်ကားများပြားခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)