Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဟိန် ပါတီများနှင့်ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျူ့ (DIPD) ၏ ဒါရိုက်တာ Mrs. LisbethPilegaardအားလက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၁၄

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျူ့ (DIPD) ၏ ဒါရိုက်တာ Mrs. LisbethPilegaard အား ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် DIPD အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေးစနစ် ပိုမိုခိုင်မာအား ကောင်းစေရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပသွားနိုင်ရေး၊  နိုင်ငံရေးပါတီများ၊ အမျိုးသမီးများနှင့် လူငယ်များ စွမ်းဆောင်ရည် မြင့်မားရေးနှင့် နိုင်ငံရေးတွင် ပိုမိုတက်ကြွစွာပူးပေါင်းပါဝင်နိုင်ရေးအတွက် အကူအညီပေးနိုင်ရေး ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌဒေါက်တာမေဝင်းမြင့်၊ အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)