နေပြည်တော် ဇန်နဝါရီ ၁၄
ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တော ဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ကမ္ဘာ့နိုင်ငံအနှံ့အပြား တွင်လည်း UNESCO Global Geo Park များ သတ်မှတ်နိုင်ရေးကြိုးပမ်းလျက်ရှိပြီး လက်ရှိတွင် ကမ္ဘာ့ဘူမိ ဥယျာဉ် ၁၄၇ ခုရှိပါကြောင်း၊ Global Geo Park များကို စီမံအုပ်ချုပ်သည့်အခါ ထိန်းသိမ်းကာကွယ်မှု၊ သိမြင်နိုးကြားလာ စေမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု စသည့် ဒေါက်တိုင် (၃) ခုအပေါ်တွင် အခြေခံရမည်ဖြစ်သည့်အတွက် ဝန်ကြီးဌာန သာမက နယ်မြေစီမံခန့်ခွဲရေး နှင့်သက်ဆိုင်သည့် ဌာနအဖွဲ့အစည်းများ၊ ပညာရပ်နှင့် သုတေသနဆိုင်ရာဌာန အဖွဲ့အစည်းများက ပူးပေါင်း ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ဘူမိဥယျာဉ်များသည် သစ်တောဦးစီးဌာနအပြင် အခြားဌာနများ၏ စီမံခန့်ခွဲမှုနယ်ပယ်တွင် ကျရောက်သည့် နေရာအများအပြား ပါဝင်သည့်အတွက် ဆက်စပ် ပတ်သက်သည့် အဖွဲ့အစည်းများကို ဖော်ထုတ်ခြင်း၊ ဘူမိဥယျာဉ် နှင့်ပတ်သက်ပြီး ပိုမိုသိရှိ လာရန်အတွက် သိမြင်နိုးကြားမှုမြှင့်တင်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်းကော်မတီဝင်များ၊ ပါမောက္ခချုပ်များနှင့် ပြည်နယ်/တိုင်းဒေသကြီး သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးများက လုပ်ငန်းပိုင်းဆိုင်ရာ များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)