နေပြည်တော် ဇန်နဝါရီ ၁၄
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၀ ပြည့်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်း၌ ကျင်းပ သည်။
ယနေ့ပြိုင်ပွဲများ၌ အမျိုးသား ကီလိုမီတာ (၂၀) လမ်းလျှောက်ပြိုင်ပွဲ တွင် ပထမ စည်သူအောင် (ရှမ်းပြည် နယ်)၊ ဒုတိယ စလင်းထက်အောင် (ဧရာဝတီ)၊ တတိယ ဇွဲမာန်ထူး (ပဲခူး)၊ အမျိုးသား သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ပထမ ထက်ဝေယံ(ရှမ်း)၊ ဒုတိယ ရှိုင်းမိုးအောင် (ရန်ကုန်)၊ တတိယ အောင်ထက်မြတ် (စစ်ကိုင်း)တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်ကလည်းကောင်း၊ အမျိုးသမီးသံလုံးပစ်ပြိုင်ပွဲတွင် ပထမ ဂျေမီလီအေး (ကချင်)၊ ဒုတိယ အေးချမ်းဗိုလ် (ပဲခူး)၊ တတိယ သင်းသင်းစိုး (မန္တလေး) တို့အား ကချင်ပြည်နယ်အသင်း အုပ်ချုပ်သူ ဒေါ်ယုယုလှိုင်က လည်းကောင်း၊ အမျိုးသား မီတာ ၁၁၀ တန်ကျော် ပြေးပြိုင်ပွဲတွင် ပထမ အာဆန်းဖာ (ရှမ်း)၊ ဒုတိယ နိုင်လင်းအောင် (ရန်ကုန်)၊ ဇွဲထက်နိုင် (ရန်ကုန်)တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးကလည်းကောင်း၊ အမျိုးသမီး မီတာ ၁၀၀ တန်ကျော်ပြေးပြိုင်ပွဲတွင် ပထမ အိသက်လွင် (ဧရာဝတီ)၊ ဒုတိယ နှင်းဝေရီ (မန္တလေး)၊ တတိယ ဝင်းစန္ဒာထွန်း (ရှမ်း)တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးကလည်းကောင်း၊ အမျိုးသား အလျားခုန်ပြိုင်ပွဲ၊ (အမျိုးသား/အမျိုး သမီး) မီတာ ၂၀၀ ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) မီတာ ၈၀၀ ပြိုင်ပွဲ၊ အမျိုးသား မီတာ ၁၀၀၀၀၊ အမျိုးသား ၁၀ မျိုးစုံပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်းပြိုင်ပွဲများတွင် ဆုရရှိ သူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အခမဲ့လာရောက်ကြည့်ရှုနိုင်
အဆိုပါ ၂၀၂၀ ပြည့်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲများကို ဇန်နဝါရီ ၁၃ ရက်မှ ၁၆ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် နေ့စဉ် ညနေ ၃ နာရီမှစတင်ပြီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် ပြေးခုန်ပစ်အားကစားနည်းကို စိတ်ပါဝင်စားသော အားကစားဝါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင် ကြောင်း သိရသည်။
အား/ကာ