Skip to main content

သတိပေးနှိုးဆော်ချက်

 

၂၀၂၀ ပြည့်နှစ် ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲအား ၁၉-၁-၂၀၂၀ ရက်နေ့ တနင်္ဂနွေနေ့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း၊ သုဝဏ္ဏဘူမိ Event Park မှ စတင် တာလွှတ်မည်ဖြစ်ရာ ပြိုင်ပွဲ အမျိုးအစား အလိုက် အောက်ပါလမ်းကြောင်းများအား ပြေးလမ်းကြောင်းများအဖြစ် အသုံးပြု ဆောင်ရွက် မည်ဖြစ်ပါသဖြင့် ပြိုင်ပွဲကျင်းပသည့်နေ့၊ နံနက် (၀၅၀၀) နာရီအချိန်မှစ၍ ပြိုင်ပွဲပြီးဆုံးသည့် အချိန်ထိ လမ်းများအား ခေတ္တ လမ်းလွှဲ/လမ်းပိတ်ထားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်-

လမ်းကြောင်းများ

(၁) ဝေဇယန္တာလမ်း(လေးထောင့်ကန်လမ်းနှင့်သံသုမာလမ်းကြား)

(၂) သံသုမာလမ်း(ဝေဇယန္တာလမ်းနှင့်ကြက်ဘဲဈေးကြား) ။

(၃) အထက်အောက်ပုဇွန်တောင်လမ်း(ကြက်ဘဲဈေးနှင့် ရာဇဓိရာဇ်လမ်းကြား)

(၄) ရာဇဓိရာဇ်လမ်း (ဗန္ဓုလတံတားအောက်နှင့် ကမ်းနားလမ်းလင်းစဒေါင်းကြား)

(၅) ကမ်းနားလမ်းဟောင်း(ရာဇဓိရာဇ်လမ်းထိပ်နှင့် ကျောင်းကြီးလမ်းကြား)

(၆) ကျောင်းကြီးလမ်း (အထက်ကြည့်မြင်တိုင်လမ်းနှင့် ကမ်းနားလမ်းကြား)

(၇) အထက်ကြည့်မြင်တိုင်လမ်း(ကျောင်းကြီးလမ်းနှင့် ဟံသာဝတီ/ဗဟိုလမ်းဆုံကြား)

(၈) ဗဟိုလမ်း(ဟံသာဝတီလမ်းနှင့် ရွာမကွေ့ကြား)

(၉) ဗဟိုလမ်း(ရွာမကွေ့နှင့် စက်မှုဆေးဝါးလမ်းကြား)

(၁၀) စက်မှုဆေးဝါးလမ်း(ဗဟိုလမ်းနှင့် အင်းစိန်လမ်းကြား)

(၁၁) အင်းစိန်လမ်း(စက်မှုဆေးဝါးနှင့် အောင်သိဒ္ဓိလမ်း )

(၁၂) အောင်သိဒ္ဓိလမ်း(အင်းစိန်လမ်းနှင့် မင်းဓမ္မလမ်းကြား)

(၁၃) မင်းဓမ္မလမ်း(အောင်သိဒ္ဓိလမ်းနှင့် ပါရမီလမ်းကြား)

(၁၄) လှိုင်တက္ကသိုလ်ကျောင်းဝင်းအတွင်းလမ်း (ပါရမီလမ်းနှင့် ပြည်လမ်းကြား)

(၁၅) ပြည်လမ်း(လှိုင်တက္ကသိုလ်ဝင်ပေါက်နှင့် ILBCရှေ့ကြား)

(၁၆) အင်းလျားလမ်း(ပြည်လမ်းနှင့်တက္ကသိုလ်ရိပ်သာလမ်းကြား)

(၁၇) တက္ကသိုလ်ရိပ်သာလမ်း (အင်းလျားလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းကြား)

(၁၈) ကမ္ဘာအေးဘုရားလမ်း (တက္ကသိုလ်ရိပ်သာလမ်းနှင့် ကန်ဘဲ့သစ္စာလမ်း)

(၁၉) ကန်ဘွဲ့/သစ္စာလမ်း (ကမ္ဘာအေးဘုရားလမ်းနှင့် မိုးကောင်း လမ်းကြား)

(၂၀) မိုးကောင်းလမ်း(ကန်ဘဲ့ သစ္စာလမ်းနှင့် မြောက်မြင်းပြိုင်ကွင်းလမ်း)

(၂၁) အရှေ့မြင်းပြိုင်ကွင်းလမ်း (မြောက်မြင်းပြိုင်ကွင်းလမ်းနှင့်လေးထောင့်ကန်လမ်းကြား)

(၂၂) လေးထောင့်ကန်လမ်း(အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် ဝေဇယန္တာလမ်းကြား) ။

(၂၃) ရွှေတိဂုံဘုရားလမ်း(ကမ်းနားလမ်းနှင့်ဦးထောင်ဘိုလမ်းကြား)

(၂၄) ဦးထောင်ဘိုလမ်း(ရွှေတိဂုံဘုရားလမ်းနှင့် ကန်ပတ်လမ်းကြား)

(၂၅) ကန်ပတ်လမ်း(ဦးထောင်ဘိုအဝိုင်းနှင့် စက်ရုံလမ်းကြား)

(၂၆) စက်ရုံလမ်း(ကန်ပတ်လမ်းနှင့်(၁၅)ပေခုံးကျော်တံတားကြား)

(၂၇) ဗညားဒလလမ်း(စက်ရုံလမ်းနှင့် ကျိုက္ကဆံလမ်းကြား)

(၂၈) ကျိုက္ကဆံလမ်း(ကန်တော်ကြီးပတ်လမ်းမှ ပင်ရွှေညောင်လမ်းကြား)

(၂၉) ပင်ရွှေညောင်လမ်း(ကျိုက္ကဆံလမ်းမှ လေးထောင့်ကန်လမ်းကြား)

ပြည်တွင်း/ပြည်ပပြိုင်ပွဲဝင်အားကစားသမားများ အန္တရာယ်ကင်းရှင်း စွာပြိုင်ပွဲဝင်နိုင်ရေးအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ