Skip to main content

(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

လွိုင်ကော် ဇန်နဝါရီ ၁၆

ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ကျရောက်သည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်း အမှတ်အဖြစ် ကယားပြည်နယ် ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းချီးမြှင့် အပ်နှင်းခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချီးမြှင့်သော ဂုဏ်ပြုဆုချီးမြှင့်အပ်နှင်းခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား အား ယမန်နေ့ ည ၆ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ် ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်းလက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုပစ္စည်းရရှိသည့် ဆရာတော်ကြီးများနှင့် နိုင်ငံ့ဝန်ထမ်း (၄၂) ဦးတို့အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆု တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ စံပြရပ်ကွက် / ကျေးရွာအုပ်စုများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်း ၊ အခွန်အများဆုံးထမ်းဆောင်ခဲ့သော ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းရှင် (၃) ဦး တို့အား ဆုများ အသီးသီးချီးမြှင့်ပေးအပ် ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များက ကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကာ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးနှင့် ဇနီး၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့် ဇနီး၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနှင့် ဇနီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်း စစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခြင်းခံရသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွန်းလေး