နေပြည်တော် မေ ၃၁
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/ တပ်ဖွဲ့အသီးသီးမှ ကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေးခန်းမ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်စိုးမင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးကအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်နှင့်ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များမှ အခြေခံပညာအဆင့် ကျောင်းသားကျောင်းသူ ၉၄၇၉ ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများအား ထောက်ပံ့ပေးအပ်သည်။
အလားတူ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အဆင့်မြင့်စစ်မှု ထမ်းဟောင်းအိမ်ရာ (မန္တလေး) တို့မှ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက အထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့တွင် တက်ရောက် ပညာသင်ကြားကြမည့် ကျောင်းသားကျောင်းသူ ၄၉၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည်။ ထို့အတူ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်ကွပ်ကဲမှုအောက် တပ်နယ်များ တွင်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်