Skip to main content

တရားမ အထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅) မှုကို စီရင်ချက်ချမှတ်၊ (၅) မှုကို ရုံးထိုင်ကြားနာ

နေပြည်တော် ဇန်နဝါရီ  ၂၀

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမြင့်အောင်နှင့် ဦးခင်မောင်ကြည် တို့ပါဝင်သည့် အပြီးသတ်ကြားနာ ဆုံးဖြတ်ရေးအဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲက ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်ပြီး တရားမအထွေထွေ လျှောက်ထားမှု (စာချွန်တော်) (၅) မှုကို စီရင်ချက် ချမှတ်သည်။ ထို့ပြင် တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅) မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)