Skip to main content

အင်ဒိုနီးရှားနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များ ပြန်လည်ထွက်ခွာ

နေပြည်တော် ဧပြီ ၁၂

မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသည့် ငလျင်ဒဏ်ဘေးသင့်ဒေသများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ၎င်းတို့၏ လုပ်ငန်းတာဝန်များ ပြီးမြောက်ပြီဖြစ်သဖြင့် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာကြရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကိုယ်စား တာဝန်ရှိသူများက နေပြည်တော်ရှိ တပ်မတော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အင်ဒိုနီးရှားနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင် Mr. Faishal Rahman (S423569/24.10.2022) ဦးဆောင်သည့် အဖွဲ့ဝင် ၇၁ ဦးသည် ကယ်ဆယ်ရေးခွေး ၃ ကောင်နှင့်အတူ မြန်မာနိုင်ငံအတွင်း ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများသို့သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လူသားချင်းစာနာထောက်ထားမှုစိတ်ထားဖြင့် နေ့/ညမပြတ် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။