Skip to main content

နိုင်ငံတော်အစိုးရ၏ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပြည်သူ့အကျိုးပြု ပညာရေးဆိုင်ရာ မှတ်တိုင်များ

အပိုင်း(၁) အခြေခံပညာကဏ္ဍ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ

ပညာရေးဝန်ကြီးဌာနသည် ပညာရေးအရည်အသွေးရှိရေးကို ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၁၆-၂၀၂၁) အရ ပညာရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ဦးစားပေးလုပ်ငန်းစဉ် ၁၂ ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။

အခြေခံပညာကဏ္ဍတွင် ကျောင်းနေ အရွယ်ကလေးများနှင့် တိုင်းရင်းသား ဒေသများ၌ ပညာသင်ယူမှု အခွင့်အလမ်းများ ပိုမိုရရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ် ဧပြီလမှစ၍ ကျောင်း အဆင့် တိုးမြှင့်ဆောင်ရွက်ခြင်းကို သတ်မှတ်ထားသည့် ကျောင်းသားဦးရေ ပြည့်မီခြင်း သို့မဟုတ် သွားလာရေးခက်ခဲသည့် ဒေသများတွင် ပင်မကျောင်းနှင့် ၂ မိုင်အထက် ကွာဝေး ခြင်း သို့မဟုတ် မြေပြန့်ဒေသများတွင် ပင်မကျောင်းနှင့် ၃ မိုင်အထက် ကွာဝေးခြင်း နှင့် အထက်တန်းကျောင်း အဆင့် တိုးမြှင့် ခြင်းဖြစ်ပါက သတ်မှတ်ကျောင်းသားဦးရေ ပြည့်မီခြင်း သို့မဟုတ် ပင်မကျောင်းနှင့် ၁၀ မိုင်အထက် ကွာဝေးခြင်းတို့ဖြင့် ပြင်ဆင်သတ်မှတ်ပြီး ဆောင်ရွက်ခဲ့ ပါသည်။

19102020MMLN6(4).JPG19102020MMLN6(5).JPG19102020MMLN6(6).JPG19102020MMLN6(7).JPG 19102020MMLN6(8).JPG19102020MMLN6(9).JPG19102020MMLN6(10).JPG 19102020MMLN6(11).JPG 19102020MMLN6(12).JPG

အခြေခံပညာကျောင်း ဦးရေသည် ၂၀၁၅-၁၆ ပညာသင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၉-၂၀ ပညာသင် နှစ်တွင် အလယ်တန်းကျောင်းအရေအတွက် ၂၁၆၉ ကျောင်း ပိုမိုတိုးတက်လာပြီး အထက်တန်း ကျောင်းပေါင်း ၂၁၃၅ ကျောင်း ပိုမိုတိုးတက်လာပါသည်။ အလယ်တန်း၊ အထက်တန်းပညာ ပိုမိုသင်ယူနိုင်မည့်အခွင့်အလမ်းများ ရရှိသည့်အတွက် ၂၀၁၅-၁၆ ပညာသင်နှစ်နှင့်နှိုင်းယှဉ်ပါက အထက်တန်းကျောင်းသားဦးရေ ၃၁၃၈၀၈ ဦးနှင့် အလယ်တန်းကျောင်းသားဦးရေ ၃၉၃၉၆၁ ဦး ပိုမိုတိုးတက်သင်ယူလာနိုင်ခဲ့ပြီး မူလတန်းတွင် သက်လွန်ကျောင်းသား ကလေးငယ်များ လျော့ပါးသွားပြီး အတန်းနှင့် ကိုက်ညီသည့် အသက်အရွယ်အလိုက် အဆင့်အလိုက် ပညာသင်ယူ လာနိုင်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)