Skip to main content

ကိုဗစ်-၁၉ ကွင်းဆက်ကို ဝိုင်းဝန်းဖြတ်တောက်

ယနေ့အချိန်အခါကို တိုင်းပြည်တွင် ကြုံတွေ့နေရသော ကူးစက်ရောဂါ ဘေးနှင့်ပတ်သက်၍ လမ်းဆုံလမ်းခွ ရောက်နေသည့်အချိန်အခါဟု ဆိုရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု ကာလမှာ တစ်နှစ်ပတ်လည်သို့ပင် ရောက်ရှိလာပြီး ထိုအချိန်တွင် နိုင်ငံအတွက် အရေးကြီးသော ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကို ပြုလုပ်တော့မည့်အချိန်အခါနှင့် တိုက်ဆိုင်နေသည်။

ကိုဗစ်ရောဂါဖြစ်ပွားမှု၏ အဓိကလက်သည်မှာ လူစုလူဝေးနှင့် အချင်းချင်း နီးနီးစပ်စပ် ထိတွေ့ဆက်ဆံမှုများကြောင့် ဖြစ်ရသည်ကို လူတိုင်း သိရှိထားကြသည်။ သို့သော် ထိုအရေး ကိစ္စနှင့်ပတ်သက်၍ သိသိကြီးနှင့် ဇွတ်တိုးတတ်သော ပိုးဖလံဘဝမျိုးလို ဖြစ်နေကြသည်။ ထိုသို့မဖြစ်စေရေး အသိပညာပေးမှုများ၊ နှိုးဆော်တိုက်တွန်းမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ ရိုင်းပင်းကူညီမှုများ နိုးနိုးကြားကြား ကြိုးကြိုးစားစား ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြဖို့ အချိန်ရောက်နေပြီကို သတိပြုရမည်ဖြစ်သည်။

အရေးကြီးသော ယခုအချိန်အခါတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကွင်းဆက်ကို ဝိုင်းဝန်း ဖြတ်တောက်လျှင် လုပ်လျှင်လုပ်သလောက် ဖြတ်နိုင်ပြီး ဘာသိဘာသာနေထိုင်ကြ၍ ပူးပေါင်း ဆောင်ရွက်ခြင်းမရှိလျှင် ဒုတိယလှိုင်းမှ တတိယလှိုင်းအထိရောက်လာကာ ပြည်သူအားလုံး ဆင်းရဲဒုက္ခ ရောက်နိုင်သည်ကို သတိမူရမည်ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်သည် လမ်းဆုံ လမ်းခွရောက်နေသောအချိန်ဟု ဆိုရခြင်းဖြစ်ပြီး အားလုံးလက်တွဲ ဆောင်ရွက်ရမည့် အချိန်လည်းဖြစ်သည်။

ယခုအခါ ကိုဗစ်ရောဂါမှာ တန်းနေသည့်အခြေအနေဟု ဆိုချင်ဆိုနိုင်ပြီး စိတ်ချရသည့် အခြေအနေသို့ လှမ်းနေသည်ဟု ပြောဆိုနိုင်ခြင်းလည်း မရှိပေ။ အမှန်တကယ်တွင် တကယ် လုပ်လျှင် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်သည့် အခြေအနေရှိနေသော်လည်း ဆိုခဲ့သည့် အတိုင်း လူစုလူဝေးကို မရှောင်နိုင်မှု၊ ပေါ့ပေါ့ဆဆနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းမှု တို့ကြောင့် ကျရိပ် သန်းချင်သော်လည်း အတက်ဘက်သို့ လှမ်းမည့်သဘောကို မြင်တတ်ရမည် ဖြစ်သည်။

ယခုအချိန်အခါတွင် အသွားအလော ကန့်သတ်ထားသည့်နေရာများ၊ လတ်တလော အနံ့ပျောက် သူများထားရှိရာ စင်တာများနှင့် ဆေးရုံများသို့ ရောက်ရှိလာသူများ လျော့နည်းပပျောက် သွားရေးမှာ အထက်ပါအားနည်း ချက်များကို သတိမူဆင်ခြင်မှသာ ဖြစ်နိုင်ပေမည်။ အကယ်၍ ဖော်ပြပါ ကျန်းမာရေးဆိုင်ရာနေရာဌာနများသို့ ရောက်ရှိလာသူ တစ်နေ့တခြား ပိုမိုများပြားလာ လျှင် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲအကျပ်အတည်းများကို မှန်းဆကြည့်နိုင်ပေသည်။

ယခုအချိန်အခါတွင် အသွားအလာ ကန့်သတ်ထားသည့်နေရာများ၊ လတ်တလော အနံ့ပျောက် သူများထားရှိရာ စင်တာများနှင့် ဆေးရုံများသို့ ရောက်ရှိလာသူများ လျော့နည်းပပျောက်သွား ရေးမှာ အထက်ပါအားနည်းချက်များကို သတိမူဆင်ခြင်မှသာ ဖြစ်နိုင်ပေမည်။ အကယ်၍ ဖော်ပြပါ ကျန်းမာရေးဆိုင်ရာနေရာဌာနများသို့ ရောက်ရှိလာသူ တစ်နေ့တခြား ပိုမိုများပြား လာလျှင် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲအကျပ်အတည်းများကို မှန်းဆကြည့်နိုင်ပေသည်။

ယခုလက်ရှိဖြစ်နေသော အခြေအနေအရ ကူးစက်ရောဂါပျံ့နှံ့မှု ကျဆင်းရေး၊ သေဆုံးသူ လျော့ကျရေးအတွက် အဓိကလုပ်ဆောင်ရမည်မှာ ပြည်သူ့ကျန်းမာရေး နည်းဗျူဟာများအနက် ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများပင်ဖြစ်၍ ယင်းကိစ္စကို ပိုမိုအားဖြည့် ဆောင်ရွက်ကြ ရမည် ဖြစ်သည်။ ယခုအချိန်တွင် ရန်ကုန်မြို့၌ အသိပညာပေး တိုက်တွန်းနှိုးဆော်ပေးမှု အားနည်းနေသည်ကို တွေ့ရသည်။ နယ်ဒေသများတွင် နိုးနိုးကြားကြား

ဆောင်ရွက်ကြသော်လည်း ရန်ကုန်မြို့ အချို့ရပ်ကွက်များတွင် သွေးအေးလှသည်။ ပညာပေး နှိုးဆော်အသိပေးမှု၊ အရေးယူသတိပေး ဆောင်ရွက်မှုများကို အပိုအလုပ်ရှုပ်မှု၊ အမုန်းခံရမှု ဖြစ်သည်ဟု ခံယူထားသလိုဖြစ်နေသည်။

ရှေ့မှဦးဆောင်သူမပါသဖြင့် ရပ်ကွက်ပြည်သူများမှာ ပို၍ပင်ရှောင်ဖယ်ကြမည် ဖြစ်သည်။ မဖြစ်အောင် အတတ်နိုင်ဆုံးနေ၊ ဖြစ်လျှင်ခံဆိုသည့် သဘောမျိုးဖြစ်နေသည်။ ဖြစ်သင့်သည်မှာ ဈေးများအပါအဝင် ရပ်ကွက်တွင်း နေထိုင်သူများကလည်းကောင်း၊ ဈေးများတွင် ဈေးရောင်းချ သူများနှင့် ဈေးဝယ် သူများကလည်းကောင်း စိတ်ဝင်တစားပူးပေါင်းပါဝင်လာသင့်သည်။ အသံချဲ့ စက်ငယ်များ ကျန်းမာရေးအသိပညာပေးမှုများတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက် ကြခြင်း၊ အချင်းချင်းအသိပညာပေးနှိုးဆော်ခြင်းတို့ကို ပြုလုပ်သင့်သည်။

ကိုဗစ်-၁၉ ကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး အဓိကဆောင်ရွက်ရမည့် အချက်မှာ ပြည်သူ့ကျန်းမာရေး နည်းဗျူဟာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ပံ့ပိုးပါဝင်မှုဖြင့် အထူးအားဖြည့် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ခရိုင်၊ မြို့နယ်၊ ရပ်ရွာတို့ကို စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်စေပြီး လက်ကိုင်အသံချဲ့စက်ငယ်များ အသုံးပြု၍ ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများကို ရပ်ကွက်သူ ရပ်ကွက်သား၊ ဈေးရောင်း ဈေးဝယ် သူများ၊ အလုပ်သမားများ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင်နှင့် နေအိမ်တွင် နေထိုင်သူများအချင်းချင်း ကျန်းမာရေးအသိပညာများ မျှဝေခြင်းဖြင့်လည်းကောင်း ဆောင်ရွက်နိုင်မည်ဆိုပါက ကိုဗစ် ကွင်းဆက်ကို ဖြတ်တောက်နိုင်မည် ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော မြို့နယ်များရှိ ရပ်ရွာများတွင် ကိုဗစ်ရောဂါဆိုင်ရာ အသိပညာပေးရေး လုပ်ငန်းများကို ပြည်သူ့လှုပ်ရှားမှုအသွင်၊ အမျိုးသားရေးလှုပ်ရှားမှုအသွင် သဘောမျိုးဖြင့် ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းဆိုင်ရာတို့က ဦးဆောင်ကာ ရပ်ကွက်သူ ရပ်ကွက် သားများ အားလုံး၊ ရပ်ကွက်နှင့်ပတ်သက်သူများ အားလုံး (အားလုံး) နိုးနိုးကြားကြား တက်တက်ကြွကြွ တစ်ချိန်တည်းတစ်ပြိုင်တည်း ကာလတစ်ခုမျှ လက်တွေ့ ဖော်ဆောင်နိုင်ကြ ပါက ရောဂါကွင်းဆက်ကို ထိရောက်စွာဖြတ်ချနိုင်ပြီး ကိုဗစ်- ၁၉ ရောဂါကို ထိန်းချုပ်နိုင်မည်မှာ သေချာပါကြောင်း။ ။