စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

နေပြည်တော် နိုဝင်ဘာ ၁၄

၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၀ ပြည့််နှစ် နိုဝင်ဘာလ အတွဲ ( ၄၇) အမှတ်(၁၁)ကို ထုတ်ဝေလိုက်​ပြီ ဖြစ်ပါသည်။

လူငယ်များအတွက် အဓိက ဦးတည်သော သုတပ​ဒေသာစာစောင်၏ မျက်နှာဖုံး​ဆောင်းပါးကဏ္ဍမှာ “အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာ”ဖြစ်ပါသည်။ မျက်နှာ ဖုံး​ဆောင်းပါးကဏ္ဍတွင် ရွေးကောက်ပွဲနှင့် တရားမဲ့ပြုကျင့်မှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ရွေးကောက်ပုံစနစ်များ၊ နိုင်ငံရေးဆိုင်ရာ နှိုင်းရနှုန်းစံအဆင့်များနှင့် ဒီမိုကရေစီ၊ ကဗျာကဏ္ဍ၊ သဘာ၀ပတ်ဝန်းကျင် ရှု​ထောင့်ဆိုင်ရာကဏ္ဍ၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍ၊ ကျန်းမာ​ရေး ဆိုင်ရာကဏ္ဍ၊ ဖြစ်ရပ်မှန်ကဏ္ဍ၊ ဝတ္ထုတိုကဏ္ဍစသည်ဖြင့်် ကဏ္ဍမျိုးစုံ​ဆောင်းပါးများ ပါဝင်ပါသည်။

သုတပဒေသာ စာစောင်ကို တစ်အုပ်လျှင် ငွေကျပ် ၂၅ဝဝ နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (တ-၅၅) သပြေကုန်းစျေး နေပြည်တော် ဖုန်း- ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန်စာအုပ်ဆိုင် ၈၆ လမ်း ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန် မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေး မြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စား လှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင်အမှတ် (၅၂၉-၅၃၁)ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁ - ၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

သတင်းစဉ်