နေပြည်တော် ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးမြို့နှင့် လွိုင်လင်မြို့နယ်တို့၌ ဒီဇင်ဘာ ၃၁ ရက်က စုစုပေါင်းဘိန်းစိုက်ခင်း ၂၀၂ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၁ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ အထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ် လိန်းညားကျေးရွာအုပ်စု လိန်းတာကျေးရွာ၏မြောက်ဘက် နှစ်မိုင်ခွဲခန့်အကွာရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၂၂ ဧကခန့်အား လည်းကောင်း။
အလားတူယနေ့နံနက် ၉ နာရီခွဲတွင် ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု ဒုံပင်ညိုကျေးရွာ၏အနောက် ဘက်နှစ်ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်းရှစ်ဧကခန့်နှင့် ပင်ညိုးကျေးရွာ၏ တောင်ဘက်တစ်ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၆ ဧကခန့်တို့ အားလည်းကောင်း။
အလားတူနံနက် ၈ နာရီ ၁၀ မိနစ်မှ ညနေ ၃ နာရီ မိနစ် ၅၀ အထိ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ် ဖက်ရမ်းကျေးရွာအုပ်စု ဖက်ရမ်းလေးကျေးရွာ၏ အနောက်ဘက်တစ်မိုင်ခန့်အကွာရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၂၁ ဧကခန့်အား လည်းကောင်း။
ထို့အတူနံနက် ၇ နာရီ ၁၀ မိနစ်မှ ညနေ ၄ နာရီအထိ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ် ဆဟောင်း ကျေးရွာအုပ်စု ဟွေတကျေးရွာ၏ တောင်ဘက်လေးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ဧက ၂၀ ခန့်၊ လွိုင်လောင်ကျေးရွာ၏ အရှေ့ဘက်ခုနစ်ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၀ ဧကခန့်၊ ရီဝင်းကျေးရွာ၏ မြောက်ဘက်သုံးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၀ ဧကခန့်၊ ရီဝင်းကျေးရွာ၏ မြောက်ဘက် နှစ်ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်းဧက ၂၀ ခန့်၊ ပန်မုန့်ကျေးရွာအုပ်စု ရွှေပန်းကျေးရွာ၏မြောက်ဘက် သုံးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲဘိန်းစိုက် ခင်း ၁၅ ဧကခန့်၊ ကျောင်းပေါ် ကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၂၆ ဧကခန့်၊ ဟဲနန်းကျေးရွာ၏ အနောက်တောင်ဘက် ငါးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲဘိန်းစိုက် ခင်း ၃၄ ဧကခန့်တို့အားလည်းကောင်း ဖျက်ဆီးရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
