Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားသိပ္ပံ အကယ်ဒမီပညာရှင်နှင့် သိပ္ပံနှင့်နည်းပညာဗဟိုဌာန ညွှန်ကြားရေးမှူး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၁၈

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားသိပ္ပံအကယ်ဒမီပညာရှင်နှင့် သိပ္ပံနှင့် နည်းပညာဗဟိုဌာန ညွှန်ကြားရေးမှူး မစ္စတာ အလက်ဆီရှကာဒါရီဗစ်ချ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

တွေ့ဆုံစဉ် ဘယ်လာရုစ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ-ဘယ်လာရုစ် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ၏ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တစ်ခုဖြစ်သည့် သိပ္ပံနှင့်နည်းပညာကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများမှတစ်ဆင့် ထုတ်လုပ်မှုနယ်ပယ်အသီးသီးကို အကျိုးပြုစေမည့် နည်းပညာလွှဲပြောင်းရရှိရေးနှင့် နှစ်နိုင်ငံအကြား စီးပွားဆက်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံရာသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်