မန္တလေး ဇန်နဝါရီ ၂၅
နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း ရာပြည့်အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့ နန်းတော်ရှေ့အားကစားကွင်း၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း ရာပြည့်အထိမ်းအမှတ်ပွဲတော်ကို ဇန်နဝါရီ ၂၇ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်အတွင်း စာအုပ်ဈေးရောင်းပွဲတော်နှင့် စာကြည့်သင်း၏ သမိုင်းဆိုင်ရာ ပြခန်းလည်း ဖွင့်လှစ်ပြသထားသည်။
နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း ရာပြည့်အထိမ်းအမှတ် ဆွမ်းကပ်အလှူနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားကိုလည်း ဇန်နဝါရီ ၂၄ ရက်က အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ အကွက်(၃)၊ ၁၉လမ်းနှင့် လမ်း၂၀ကြား၊ ၆၃လမ်းနှင့် ၆၄လမ်းကြား၊ အာယုလမ်းသွယ်ရှိ အဆိုပါ စာကြည့်သင်းနေရာတွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ ဆရာတော်အပါအဝင် ပင့်သံဃာ (၅) ပါးတို့အား ရာပြည့်ပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သင်းနှင့် ကော်မတီဝင်များက အရုဏ်ဆွမ်းကပ်၍ လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့ကြကြောင်းသိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)