Skip to main content

ကျောင်းကုန်းမြို့နယ် မြို့ထိပ် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင် ကြည့်ရှုအားပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်

ကျောင်းကုန်း   နိုဝင်ဘာ   ၂၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထား ဆောင်ရွက် လျက်ရှိပြီး ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့ထိပ်သို့ ယနေ့ နံနက် ၈ နာရီအချိန် ရောက်ရှိကာ မြို့အဝင်/ အထွက် စစ်ဆေးရေးဂိတ်ကို ကြည့်ရှုအားပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်း‌ဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ စစ်ဆေးရေးဂိတ်အား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအ နေများ ရှင်းလင်းပြောကြားမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားပေးစကားပြောကြားကာ စစ်ဆေးရေးဂိတ် များတွင် လိုအပ်သည်များ သုံးစွဲရန်အတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ထောက်ပံ့သည့် ထောက်ပံ့ငွေ ကျပ်ငါးသိန်း အား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် မြို့နယ်တိုင်းတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ် ထားရှိပြီး အဆိုပါ စစ်ဆေးရေးဂိတ်များတွင် လိုအပ်သည် နေရာ၌သုံးစွဲရန်အတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ အနေဖြင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ ပြည့်ဝစွာ ထောက်ပံ့ပေးအပ်ထားရှိပြီး ယခု အခါတွင်လည်း မြို့နယ် (၂၆)မြို့နယ်အား တစ်မြို့နယ်လျှင် ငွေ(၅)သိန်းကျပ်နှုန်းစီဖြင့် ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)