Skip to main content

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး (ဒုတိယနေ့) ကျင်းပ

နေပြည်တော် မတ် ၃၁

တတိယအကြိမ် အမျိုးသားလွှတ်တော် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့ နံနက် (၁၀)နာရီအချိန်က နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၁၅၇) ဦးရှိသည့်အနက် (၁၅၅) ဦး တက်ရောက်သည်။

အစီအစဉ်အရ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယသမ္မတလောင်းများ၏ အမည်စာရင်းကို ကြေညာရာ  အမည်စာရင်းတင်သွင်းခံရသူ နှစ်ဦးရှိသဖြင့် ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်ကြသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ထောက်ခံဆန္ဒမဲ အများဆုံးရရှိသည့် ကရင်ပြည်နယ်၊ ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်နန်းနီနီအေးအား ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ကြေညာသည်။

ဆက်လက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ခံအမျိူးသား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတဖြစ်သည့် ဒေါ်နန်းနီနီအေး အမည်စာရင်းအား ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြမည်ဖြစ်ကြောင်း ကြေညာသည်။

ယနေ့ကျင်းပသည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး (ဒုတိယနေ့)ကို မနက်(၁၁)နာရီ (၁၈)မိနစ်တွင် ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။