Skip to main content

နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၆

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ အဆိုပါရေကစားမဏ္ဍပ်၌ ကျင်းပသည်။

ပိတ်ပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များ၊ သင်္ကြန်ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နှစ်သစ်ကူးနှုတ်ခွန်းဆက် ဆုတောင်းစကားပြောကြားပြီး နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ပိတ်သိမ်းကြောင်း ကြေညာသည်။

ထို့နောက် သင်္ကြန်ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုတေးသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေကြရာ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးကြပြီး အခမ်းအနားကို ပိတ်သိမ်းလိုက်သည်။

သတင်းစဉ်