နေပြည်တော် မေ ၃
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူစာပေဆု၊ ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရရှိသည့် စာရေးဆရာမ သက်ဦးခင်၏ “အရုဏ်ဦးမှာ ကြည်နူးစွာနှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် အရုဏ်ဦးမှာ ကြည်နူးစွာ၊ ဂျက်ကလိန်ဂျောင်း၊ ဖိနပ်ကလေးနီနီ၊ ဆီသည်မလေး၊ တုံ့ပြန်မေတ္တာ၊ မျှော်လေယောင်ညိုပြာရီမှောင်၊ သူ့သစ္စာ၊ စံပယ်တွေ ရွှေတွေ ငွေတွေ၊ ဝမ်းနည်းဝမ်းသာ မမေ့နိုင်ပါ၊ ဪဒီလိုကိုး၊ တစ်ခေတ်တစ်ခါဂုဏ်ယူစရာ၊ မြေချစ်သူ၊ မောင်ကြီးမေတ္တာ၊ အသားကြီးသူ၊ တောင်ကြီးတွေက အုံ့မှိုင်းရီ စသည့်ဝတ္ထုတို ၁၅ ပုဒ် ပါဝင်သည်။ ဇာတ်လမ်းပါအကြောင်းအရာများသည် သိမ်မွေ့ရိုးစင်းသော်လည်း ဦးတည်ရည်ရွယ်ချက်ကောင်းမွန်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ကျပ် ၂၅ဝဝ ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်
