Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၏လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၅

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၏ လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၏ မှတ်တမ်းနှင့် မော်ကွန်းစာမျက်နှာပေါင်း နှစ်သိန်းအား Digitization ပြုလုပ်ဆောင်ရွက်မှုအခြေအနေကို လည်းကောင်း၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအား မှတ်တမ်းနှင့် မော်ကွန်းစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မှုအခြေအနေကို လည်းကောင်း၊ ဝန်ကြီးဌာနများမှ မှတ်တမ်းများ ကွင်းဆင်းရယူရေးနှင့် မှတ်တမ်းသိမ်းဆည်းထားရှိနိုင်မည့် အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနတွင် ပြသထားသည့် မော်ကွန်းပြခန်း၊ Non-Paper Record Room ၊ ရည်ညွှန်းစာဖတ်ခန်း၊ မော်ကွန်းသိမ်းဆည်းခန်းများ၊ မှတ်တမ်းသိမ်းဆည်းခန်းများ၊ မော်ကွန်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများဖြစ်သည့် Conservation နှင့် Digitization အခန်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်