Skip to main content

ဒုတိယဝန်ကြီး ဦးမျိုးမြင့် ရန်ကုန်တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၌ဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ

နေပြည်တော် မတ် ၂၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၌ဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်သော အဆောက်အအုံ၊ လမ်း၊ တံတားနှင့် မြို့ပြအိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ တက်ညီလက်ညီ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပါက အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိမည်ဖြစ်ကြောင်း ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် အကောက်ခွန်ဦးစီးဌာန(၃)ထပ်ရုံး အဆောက်အအုံအား ရှေးမူမပျက် အကြီးစားပြင်ဆင်ခြင်းလုပ်ငန်းခွင်နှင့် မြန်မာ့အာမခံလုပ်ငန်းဝန်ထမ်းအိမ်ရာ လေးခန်းတွဲ၊ လေးထပ်နှစ်လုံး တည်ဆောက်နေသည့် လုပ်ငန်းခွင်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်