မြဝတီ ဇန်နဝါရီ ၂၆
ကရင်ပြည်နယ်၊ မြဝတီမြို့ သောင်းရင်းခန်းမတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာ သော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီ အချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တင်ပြလာသည့် ဒေသဖွံဖြိုးရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များကို ထောက်ပံကြေးများ အသီးသီး ပေးအပ်ခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပထမအကြိမ် ထောက်ပံ့ကြေးငွေပေး အပ်ခြင်းဖြစ်ပြီး မြဝတီမြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၂၁၃၅) ဦးနှင့် (၂)နှစ်အောက် ကလေး (၃၅၉၉) ဦး၊ စုစုပေါင်း (၅၇၁၄) ဦးအတွက် တစ်ဦးလျှင် (၄၅၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ကြေးငွေ ကျပ် (၂၄၉၅၅၀၀၀) အား ပေးအပ်ခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)