Skip to main content

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်တာဝန်ရှိသူများက ဇလွန်မြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်

ဇလွန် နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်တာဝန်ရှိသူများက ယနေ့ နံနက် နာရီအချိန်ခန့်တွင် ဇလွန်မြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ထိုသို့လှည့်လည်ကြည့်ရှုအားပေးရာတွင် ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဇလွန်မြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန် ထမ်းဆောင် နေကြသည့် ဝန်ထမ်းများအနေဖြင့် နေရပ်သို့ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျ စစ်ဆေးရန်၊ တာဝန်ကျ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ စည်းကမ်းချက် များအား လိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်းများ ကိုဗစ် -၁၉ ရောဂါကူးစက်ခံရမှုမရှိစေရေး ကျန်းမာရေး ကာကွယ်ရေး သုံးပစ္စည်းများအား ဝတ်ဆင်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ကြီးချုပ်မှ ဇလွန်စုပေါင်းစစ်ဆေးရေးဂိတ်တွင် လိုအပ်သည့်ကိစ္စရပ်များတွင် အသုံးပြုရန်အတွက် ငွေကျပ်(၅၀၀၀၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများက ဇလွန်မြို့အဝင် စုပေါင်းစစ်ဆေးရေး ဂိတ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)