Skip to main content

အဋ္ဌမအကြိမ်မြောက် အဘိဝိနယာစရိယ ဝိနည်းတော်စာပြန်ပွဲ ဆုနှင်းသဘင်အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၂၀

အဋ္ဌမအကြိမ် အဘိဝိနယာစရိယ ဝိနည်းတော်စာပြန်ပွဲစာအောင် သံဃာတော်အရှင်သူမြတ်များအား အောင်လက်မှတ်ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင် တောရကျောင်း သီလဝီသောဓနီသိမ်တော်၌ ကျင်းပရာ ဝိနယပါလအသင်း၏ ပဓာနဦးဆောင်ဆရာတော်ကြီး ဘဒ္ဒန္တကဝိန္ဒအမှူးပြုသော ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးလင်းအောင်၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ ရန်အောင်မြင်တောရ ကျောင်းဆရာတော် ဘဒ္ဒန္တခေမာ နန္တကဩဝါဒစကား မိန့်ကြားတော်မူပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်း၏ အတွင်းရေးမှူးက အဘိဝိနယာ စရိယစာတော်ပြန်ပွဲနှင့်ပတ်သက်၍ အသင်းကြီး၏ ဆောင်ရွက်ချက်များကို ရှင်းလင်းလျှောက်ထားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အဋ္ဌမအကြိမ်မြောက် အဘိဝိနယာစရိယ စာတော်ပြန်ပွဲတွင် အဆင့်လိုက်အောင်မြင်တော်မူ ကြသော ပထမအဆင့် ၃၆ ပါး၊ ဒုတိယအဆင့်ကိုးပါး၊ တတိယအဆင့် သုံးပါးစုစုပေါင်း ၄၈ ပါး ကို အောင်လက်မှတ်နှင့် ကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်