နေပြည်တော် ဇွန် ၂၃
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey အား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် ပူးပေါင်းလေ့ကျင့်မှုဆိုင်ရာကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံတွင် ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
