စုကလိ ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်အစိုးရအဖွဲဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများလိုက်ပါလျက် ယမန်နေ့ နံနက်(၇) နာရီအချိန် စုကလိမြို့သို့ ရောက်ရှိပြီး ဒေသခံပြည်သူ များနှင့် တွေ့ဆုံကာ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် စုကလိမြို့ စခန်းသစ်ကျေးရွာ ကောလားငြိမ်းချမ်းရေးခန်းမတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့တက်ရောက် အမှာစကား ပြောကြားခဲ့ကာ ဒေသခံပြည်သူများ၏ ဒေသ လိုအပ်ချက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေရရှိရေး ကိစ္စရပ်ဆိုင်ရာများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စုကလိမြို့သို့ ပြန်လည်ထွက်ခွာလာရာ အမှတ်(၁)ရပ်ကွက် နှစ်ခြင်းခရယာန်ဘုရားကျောင်းခန်းမ၌ ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပြီး အမှာစကားပြောကြားကာ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ထောက်ပံ့ငွေများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများအား ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြသည်။ ယင်းနောက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေး လုပ်ငန်း လိုအပ်ချက်များအား တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အောင်စံထွန်း (ပြန်/ဆက်)