နေပြည်တော် ဇူလိုင် ၃၁
ဖလမ်းမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၁၁၅ ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဆရာ ဆရာမ ၃၀၁ ဦးတို့က ကျောင်းသား ကျောင်းသူပေါင်း ၄၂၅၁ ဦးတို့ကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းများမှ ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ယနေ့ သွားရောက်ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့အတူ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံး၌ နိုင်ငံသားစိစစ်ရေးကတ်များ၊ အိမ်ထောင်စုစာရင်းများ ပြုလုပ်နေမှုနှင့် UID ထုတ်ပေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ဒေသခံများထံ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ဖလမ်းမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် မေ ၆ ရက်မှ ယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ် ၈၂၃ ခု၊ အိမ်ထောင်စုလူဦးရေစာရင်း ၁၅၇ စုတို့ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
