ပုသိမ် ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းအတွင်း ဘက်စုံ/ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်း အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့ လိုက်ပါလျက် မြန်အောင် မြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ရင်းတိုက်ကုန်းကျေးရွာရှိ ရောင်ခြည်ဦး စာကြည့်တိုက်သို့ ရောက်ရှိခဲ့ပြီး စာကြည့်တိုက်ကြီးကြပ်ရေး ကော်မတီများ၊ ဆရာ/ဆရာမများ၊ ဒေသခံပြည်သူ များဖြင့် တွေ့ဆုံ၍ “စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလှကြည့်စာကြည့်တိုက်မဖြစ်စေဘဲ အမှန်တကယ် အသက်ဝင် သော ပြည်သူလူထုများနှင့် မျိုးဆက်သစ် လူငယ်မောင်မယ်များ အတွက် မရှိမဖြစ်သည့် ဗဟုသုတဘဏ်တိုက်ကြီး ဖြစ်စေရေး၊ ရုပ်ပိုင်းဆိုင်ရာ အဆောက်အဦ သာရှိပြီး အသွင်သဏ္ဍာန် မဖော်ဆောင်နိုင်သည့် စာအုပ်စာစောင်မရှိသော စာကြည့်တိုက်တစ်ခု မဖြစ်စေရေး ဂရုပြုကြရန်နှင့် စာအုပ်စာစောင်များ စုဆောင်းဖြည့်ဆည်းရေးနှင့် ထိန်းသိမ်း ရေး ဆိုင်ရာ ကိစ္စရပ်များ”အားဆွေးနွေးခဲ့ကြသည်။
ထိုနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီးဒေါ်ခင်နှင်းညိုတို့မှ စာကြည့်တိုက် အတွက် ဘက်စုံသုံးရန်ပုံငွေအဖြစ် အလှူငွေ (၅၀၀၀ဝိ/−) ကျပ်ငါးသောင်း တိတိအား ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် တိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာရှိ ကျွဲခေါင်းကြီးတာတွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျွဲခေါင်းကြီးတာကမ်းထိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများဖြင့် တွေ့ဆုံခဲ့သည်။
ယင်းနောက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန် ရှိသူများက လုပ်ငန်းအခက်အခဲများနှင့် ဘတ်ဂျက်ရရှိမှုအခြေအနေများအား ရှင်းလင်း တင်ပြ ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ “တာဝန်ရှိသူများအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ပြီး ပြည်သူများ အတွက် အားကိုးအားထားဖြစ်စေသော ကမ်းထိန်းလုပ်ငန်းတစ်ခု ဖြစ်စေရေးနှင့် သဘာဝ ဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတစ်ရပ်အဖြစ်လည်း အကောင် အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် စေတနာကိုအရင်းခံ၍ အရည်အသွေး ပြည့်မီ ကောင်းမွန်သည့် လုပ်ငန်းတစ်ခုဖြစ်စေရေး အလေးထားဆောင်ရွက်သွားကြရန်” မှာကြား ခဲ့ကြောင်းသိရသည်။
မောင်မောင်မြင့်