လေးမျက်နှာ ဩဂုတ် ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လေးမျက်နှာမြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ငဝန်မြစ်ရေဝင်ရောက်မှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ယာယီရေဘေးရှောင် ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာ (၈) ရွာတို့မှ အိမ်ထောင်စု (၁၃၃၃) စု၊ လူဦးရေ ကျား/ မ စုစုပေါင်း (၆၇၄၇) ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၅၀၀၀) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၃၃၇၃၅၀၀၀) ကျပ်နှင့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ ငါးသေတ္တာဘူးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေဘေးကြုံတွေ့နေရသည့် ပြည်သူများအတွက် လိုအပ်သည့်အကူအညီများကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
