လေးမျက်နှာ ဩဂုတ် ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် တစ်ကိုယ်ရေကျန်းမာရေး အသုံးအဆောင်ပစ္စည်းများကို ယနေ့နံနက်ပိုင်းကလေးမျက်နှာမြို့နယ်၊ စာရေးကွင်းအုပ်စု၊ စာရေးကွင်း ကျေးရွာဓမ္မာရုံ ရေဘေးကယ်ဆယ်ရေးစခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ကူညီထောက်ပံ့သော တစ်ကိုယ်ရေကျန်းမာရေးအသုံးအဆောင်ပစ္စည်း ၁၁ မျိုးပါဝင်သော စက္ကူပုံး(Hygiene Kit) ၅၀၀ ပုံးအား လေးမျက်နှာကျေးလက်ဦးစီးမှူး ဦးယဉ်မင်းဦးနှင့်ဝန်ထမ်းများကပေးအပ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းတာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းချိုနှင့် လေးမျက်နှာမြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်းတို့မှ လက်ခံရယူခဲ့ကြပြီး အဆိုပါ ထောက်ပံ့ပစ္စည်းပုံးများအား အရေးပေါ်လိုအပ်သည့်နေရာများသို့ ဆက်လက်ဖြန့်ခွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
