ရန်ကုန် သြဂုတ် ၂
တရုတ်နိုင်ငံ ဟောင်ကောင်တက္ကသိုလ်၌ ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science Camp 2026) သို့ မြန်မာနိုင်ငံမှ ကျောင်းသား နှစ်ဦးနှင့် ကျောင်းသူ သုံးဦးတို့ တက်ရောက်ခွင့် ရရှိကြသည်။
အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ်ကို ၂၀၀၇ ခုနှစ်မှ စတင်ခဲ့ပြီး ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား၊ အစ္စရေး၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ်စသော အာရှတိုက်တွင်း နိုင်ငံများတွင် နှစ်စဉ်ကျင်းပခဲ့သည်။
အာရှတိုက်မှ နိုဘယ်ဆုရ သိပ္ပံပညာရှင်များလာရောက်၍ ကျောင်းသား ကျောင်းသူလူငယ်များနှင့်အတူ စခန်းချနေထိုင်ကြပြီး သိပ္ပံပညာရပ်ဆိုင်ရာဟောပြောပွဲများ၊ လေ့လာရေးခရီးများ၊ သိပ္ပံပညာရပ် ဆိုင်ရာပြိုင်ပွဲများ ပါဝင်ကာ နှစ်စဉ်အာရှတိုက်မှ လူငယ် ၃၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
မျိုးမင်းသူရ
