နေပြည်တော် ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး ရေနီမြို့ စက္ကူစက်ရုံ(ရေနီ) ရှိ ဓာတ်ခွဲခန်းတွင် ဝါးအမျိုးမျိုးမှ ပျော့ဖတ်များ ထုတ်လုပ်နိုင်ရေး စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါစက်ရုံမှ သိရသည်။
အဆိုပါစက်ရုံ၌ ဝါးအမျိုးမျိုးမှ ပျော့ဖတ်များ ထုတ်လုပ်နိုင်ရေး စမ်းသပ်ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ် သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို စနစ်တကျမှတ်တမ်းထားရှိရန်၊ ပျော့ဖတ် များကို စီးပွားရေးတွက်ခြေကိုက်မှုရှိအောင် ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို MSME လုပ်ငန်းရှင်များအား နည်းပညာလွှဲပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ စက္ကူများချက် လုပ်နိုင်ရေးအတွက် ချက်အိုးများကို ပြည်တွင်း၌ ထုတ်လုပ်နေသဖြင့် လိုအပ်သည့် နည်းပညာများကို ပံ့ပိုးပေးရန် မှာကြားသည်။
ထို့ပြင် ရေနီမြို့ရှိ တန် ၂၀ စက္ကူစက်ရုံမှ ထုပ်ပိုး စက္ကူများ ထုတ်လုပ်ထားရှိမှု၊ ရေတာရှည်မြို့နယ် မြို့လှရှိ KKN တစ်ရှူးနှင့် ရွှေဝါးတူလုပ်ငန်း၊ YDE Pulp & Paper Co., Ltd.၏ တန် ၅၀ ကျ စက္ကူ စက်ရုံ၌ စက်ပစ္စည်းများ တပ်ဆင်နေမှု၊ ကျော်မိုးနိုင် မိသားစု၏ တန် ၅၀ ဆန်စက်၌ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားကာ MSME လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
