Skip to main content

ပေါက်ခေါင်းမြို့နယ်၌ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးဆောင်ရွက်

ပေါက်ခေါင်း ဩဂုတ် ၄

ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးအဖြစ် မြို့နယ်နှစ်မြို့နယ် သမဝါယမအသင်း သုံးသင်း၊ အသင်းသား ၁၁၂ ဦး ပိုင်ဆိုင်သည့် လယ်ယာမြေ ၃၁၃ ဒသမ ၅ ဧကအား Pilot Project အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပေါက်ခေါင်းမြို့နယ် ဝက်တိုးကျေးရွာ အုပ်စု ရတနာတိုးမျိုးစေ့ထုတ် သမဝါယမအသင်းလီမိတက် အသင်းသားတောင်သူ ၅၃ ဦး ပိုင်ဆိုင်သည့် ကွင်းအမှတ်(၆၉၉)ရှိ တစ်ဆက်တစ်စပ်တည်း လယ်ဧက ၁၀၀ ဒသမ ၅ ဧကတွင် အောင်နိုင်သစ္စာကုမ္ပဏီနှင့် ပူးပေါင်း၍ မိုးစပါးများကို ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထူးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူကြီးများ တက်ရောက်ကြည့်ရှုအားပေးပြီး ပံ့ပိုးငွေကျပ် ၆၀၃ သိန်းနှင့် ညီမျှသောမျိုးနှင့် သွင်းအားစုများ ပေးအပ်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်