Skip to main content

ဖလမ်းမြို့ ငစစ်ဗားရေအားလျှပ်စစ်စက်ရုံနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရသည့်ရုံးနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ရေးဆောင်ရွက်

နေပြည်တော် သြဂုတ် ၇

ဖလမ်းမြို့နှင့် အနီးရှိကျေးရွာများသို့ ၄၀၀ ကီလိုဝပ် ဓာတ်အားပေးစက်နှစ်လုံးဖြင့် ဓာတ်အားဖြန့်ဖြူးပေးခဲ့သည့် ငစစ်ဗားရေအား လျှပ်စစ်စက်ရုံနှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရသည့် ရုံးနှင့် ဝန်ထမ်းအိမ်ရာများကို ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ပြုပြင်နေမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ချင်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် သွားရောက်စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီး၊ ပျောက်ဆုံးသည့် စက်ပစ္စည်းနှင့် စက်ရုံပြန်လည်ပြုပြင်မည့် အခြေအနေကို စက်ရုံတာဝန်ရှိသူက တင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် ဖလမ်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အဆောက်အအုံရှိ ပစ္စည်းများ ဆယ်တင်ဆောင်ရွက်နေမှု၊ ခရိုင်မီးသတ်ရုံးနှင့် ဝန်ထမ်းအိမ်ရာ အမိုးလဲလှယ်ပြုပြင်နေမှု၊ ဖလမ်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၊ ဖလမ်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ဖလမ်းမြို့မရဲစခန်းနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနရုံးတို့ကို အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးကော်မတီ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ပြန်လည်ပြုပြင်တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ သက်ဆိုင်ရာ ကုမ္ပဏီများက တာဝန်ရှိသူများအား သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေးနှင့် တည်ဆောက်ရေး စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေးမှာကြားခဲ့သည်။

သတင်းစဉ်