နေပြည်တော် ဩဂုတ် ၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း မြတ်မင်္ဂလာလမ်းဘေး၌ ကျင်းပပြီး သစ်မျိုး ၁၀ မျိုး အပင်ပေါင်း ၁၅၀၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး၊ ဂေဟစနစ်ကောင်းမွန်မျှတစေရေး၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေးနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ပြည်သူများအကြား သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ နိုးကြားလာစေရန်အတွက် သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးပေးကာ တက်ရောက်လာသူများက သတ်မှတ်နေရာများတွင် ပျိုးပင်များ စိုက်ပျိုးကြသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်တို့နှင့်အတူ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များ တက်ရောက်၍ ပျိုးပင်များ စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
