Skip to main content

ရေကြည်မြို့နယ်တွင်ရေဘေးကြောင့် ယာယီရေဘေးခိုလှုံရန် နေရာ (၁၈)ခုဖွင့်လှစ်ထားရှိ

ရေကြည်   ဩဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် ငဝန်တာ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းကြောင့် ရေကြည်မြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း(၈၃၀)၊ လူဦးရေပေါင်း(၂၉၆၀)၊ ရေဘေးကြောင့် ယာယီရေဘေးခိုလှုံရန် နေရာ(၁၈)ခုဖွင့်လှစ်ထားပြီး ရေဝင်ရောက်သည့်စာသင်ကျောင်း(၆)ကျောင်းလည်း ယာယီပိတ်ထားကြောင်းသိရသည်။

အဆိုပါရေဘေးကြောင့် ယာယီရေဘေးခိုလှုံရာစခန်း (၁၈)ခုဖွင့်လှစ်ထားရှိသည့် နေရာများသို့ ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ရေကြည်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ဝင်များ၊ ပရဟိတလူငယ်များပါဝင်သောအဖွဲ့သည် ယာယီပြောင်းရွှေ့နေထိုင်သည့် ရေဘေးသင့်အိမ်ထောင်စုများအားရေသန့် (၆) ဘူးပါ(၄၈၁)ကတ်၊ Royal-D (၁၂ )ဘူးပါ (၆၀)ကတ်၊ ခေါက်ဆွဲခြောက် (၃၀)ထုပ်ပါ (၄၅)ဖာ၊ မုန့်ကြွပ် (၃၀)ထုပ်ပါ (၁၀)ဖာ၊ ဆန် ၂၄ ပြည်ပါ (၈)အိတ်၊ ထမင်းဘူးများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့သူမြို့သားစေတနာရှင်များက နေ့စဉ်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)